Home
မြန်မာသတင်း
PDF က မင်းဘူးစစ်ရှောင်များကို  မုန်တိုင်းလွတ်ရာသို့ ရွှေ့ပြောင်း
DVB
·
May 14, 2023
346836845_554310796877057_2738137086102304047_n

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို မေ ၁၄ ရက်က မုန်တိုင်းလွတ်ရာဒေသကို ပြောင်းရွှေ့နေရာချပေးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ်(၁) သိရပါတယ်။

စစ်ရှောင်တွေအနေနဲ့ အစစအရာရာအခက်ခဲ ဖြစ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တွေက ကူညီနေရာ ရွှေ့ပြောင်းပေးတာလို့ ဒေသခံတဦးက ပြောပါတယ်။

"ဘာလုပ်ရကောင်းမှန်းကို မသိတာပါ။ စစ်ဘေးရှောင်နေရတော့ ပိုဆိုးတာပေါ့။ အဲဒီအချိန်မှာ PDF တွေ ရောက်လာပြီး နေရာရွှေ့ပြောင်းဖို့ ကူညီပေးခဲ့တာပါ။"

မုန်တိုင်းအခြေအနေအရ ပြည်သူတွေအတွက် နေရာချထားပေးရတာ၊ အရေးပေါ် တုံ့ပြန်မှုတွေ အတွက် ရှိတာနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားစီစဥ် ပေးနေတာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ် (၁) တပ်ရင်းမှူး ဗိုလ်ဆလိုင်းက ပြောပါတယ်။

"ကျနော်တို့က စစ်ရှောင်စခန်းကို မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအတွက် ခေတ္တသွားရောက် စီစဥ်တာပဲဖြစ်ပါတယ်။ တပ်ရဲ့ ရန်ပုံငွေကို မုန်တိုင်းဒဏ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးအတွက်ပဲ သုံးနေတာ ဖြစ်ပါတယ်။"

အခုလို စစ်ဘေးရှောင်တွေကို မုန်တိုင်းဒဏ်ခံ နေရာတွေကို ရွှေ့ပြောင်းနိုင်ရေး ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းအပါအဝင် မြို့နယ်လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတွေ၊ ဒေသခံ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းဆောင်းရွက်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024