Home
မြန်မာသတင်း
ကော့သောင်းမြို့နယ် ကျေးရွာအချို့တွင် သောက်သုံးရေရှားပါး အခက်အခဲကြုံ
DVB
·
March 23, 2023
Kawt Thaung need purified water 1
Kawt Thaung need purified water 2
Kawt Thaung need purified water 3
Kawt Thaung need purified water 4

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ အပါအဝင် ကော့သောင်းမြို့နယ်ရဲ့ ကျေးရွာတွေမှာ အခု မတ်လလယ်လောက်ကစပြီး သောက်သုံးရေ ရှားပါးလာတဲ့အတွက် ရေအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချိုးရေက ပြဿနာမရှိဘူး။ သောက်သုံးရေမရှိရင် ကျမတို့မှာ တော်တော်အခက်အခဲ ဖြစ်တယ်။ ရေမီတာနဲ့ပေးတဲ့ ရေကလည်း ၂၄ နာရီမလာဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကော့သောင်းမြို့မှာရှိတဲ့ ဒေသခံတွေဟာ ပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်းတွေကနေ သောက်သုံးရေကို သုံးစွဲနေရကာ ရေကားတကားကို ၂၅,၀၀၀ ကျပ်ပေးရပြီး ရေမီတာနဲ့ဆိုရင် တယူနစ်ကို ၃,၀၀၀ ကျပ်အထိ ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “Good Water ကုမ္ပဏီက ၁၄ မိုင်မှာရှိပြီး ၂၀၂၀ ခုနှစ်ကတည်းက စီစဉ်ခဲ့တဲ့ ဒီစီမံကိန်းဟာ လိုအပ်တဲ့နေရာတွေမှာ ရေစုကန်တွေလုပ်ကာ ၄ မိုင်အထိ ပိုက်လိုင်းတွေ ဆင်ပြီးပြီ။ သူတို့ကုမ္ပဏီက ရပ်ထားတာ မဟုတ်ဘူး။ မြို့ထဲအထိ ရေပေးဝေဖို့ကိစ္စအတွက် ပုဂ္ဂလိက ရေပေးဝေရေးလုပ်နေတဲ့သူတွေနဲ့ ညှိနှိုင်းနေတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဂျပန်နိုင်ငံက Jica ရဲ့ ချေးငွေကိုယူပြီး စည်ပင်က တာဝန်ယူပြီး လုပ်ခဲ့ပေမဲ့ အခုအချိန်ထိ ဒီစီမံကိန်းဟာ မအောင်မြင်ခဲ့ဘူး” လို့ ပြောပါတယ်။

ကော့သောင်းမြို့မှာ နှစ်စဉ် သောက်သုံးရေရှားပါးမှု ပြဿနာကို သက်ဆိုင်ရာ အစိုးရဌာနတွေ အနေနဲ့ ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024