DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို သွားတွေ့
DVB
·
March 15, 2023
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို သွားတွေ့
Donate to DVB

စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ မတ်လ ၁၅ ရက် ဒီမနက် ၈ နာရီခွဲက ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မနက် ၉နာရီ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက  ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့  UN နဲ့ WFP က အမြန်ရေယာဉ်  ၅ စီး နဲ့ ထွက်သွားတာဖြစ်ပြီး  Speed boat မလောက်လို့ ဘူးသီးတောင်က ၂ စီး ယူလာရသေးတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီးတွေဟာ မွတ်ဆလင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်င  အာဏာပိုင်တွေနဲ့ ၅ ရက်ကြာ ဆွေနွေးသွားမယ်လို့ စုံစမ်းသိရှိရပါတယ်။

“အနည်းဆုံး ၅ ရက်လောက်အထိ ကြာနိုင်တယ်ဗျ။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နေရာကိုတောင် လက်ထောက်ကို ၅ ရက်အထိ တာဝန်လွှဲပြောင်းထားတယ်”လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့  ဒေသခံက ပြောပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်တပ်ရဲ့ နယ်မြေရှင်းစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို အသက်ဘေးက လွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံခေါ်ယူဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို အခုလို သွားရောက်တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စစ်ကောင်စီလူမှုရေးဝန်ကြီး အောင်မျိုးဦး၊ လ.၀.က ညွှန်ကြားရေးမှူး မင်းဇော်၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီဌာနမှ ညွှန်ကြားရေးမှူး စောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လင်းထက်အောင်၊ ကိုယ်ရေးအရာရှိ ၁ ဦး၊ မောင်တောဘက်မှ ဥက္ကဋ္ဌ ၂ ဦး၊ ခရိုင် လ.ဝ.ကမှူး ထွန်းစံလှ၊ လ.ဝ.က မှူး မြစိန်၊ ဒု လ.ဝ.က မှူး အောင်ထွန်းလင်း၊ မကဖ- လ.ဝ.က (ကျီကန်းပြင်) အဖွဲ့မှူး ဗိုလ်မှူးကျော်မော်ထွန်း ထွေအုပ်ဝန်ထမ်းမှ ထွန်းမြင့်၊ အုပ်ချုပ်ရေးမှူး အဒူရော်မာန်၊ မြို့မအရှိရပ်ကွက်မှ ဟိန္ဒူလူမျိုး ဆူဘမ်(ခ)ကျော်ကျော်နိုင်၊ မြို့မတောင်ရပ်ကွက်‌မှ မတ်ရှော်ရိပ်ခ်၊  မောင်တောမြို့နယ်ရဲတပ်ဖွဲ့လက်အောက် နယ်ထိန်းအဖွဲ့ ၅ ဦး၊ စုစုပေါင်း အယောက် ၂၀ လောက် လိုက်ပါသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013