Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ချွန်းဖွန်းတွင် မလေးရှားသွားမည့်မြန်မာ ၁၅ ဦး အဖမ်းခံရ
DVB
·
March 3, 2023
329205834_158882653640781_1280995352898048421_n

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ထဲမှာ  မလေးရှားနိုင်ငံကိုဆက်သွားမယ့် တရားမဝင် မြန်မာနိုင်ငံသား ၅ ဦး အဖမ်းခံရတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

မတ်လ ၂ ရက် ည ၁၁ နာရီလောက်က တာဝန်ရှိသူတွေဟာ ချွန်းဖွန်းခရိုင် ပါထယုမြို့နယ် ဘန့်ဖလစစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ် အနက်ရောင်ကားတစီးက စစ်ဆေးဖို့ရပ်မပေးဘဲ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါကားနောက်ကို လိုက်ဖမ်းရာမှာ ခေါင်ချိုင်းရာ့ချ်အုပ်စု ဘန့်ဖလနယ်မြေ ၃  ကျေးလက်ဆေးပေးခန်းရှေ့ လမ်းဘေးမှာရပ်ထားတာကို တွေ့ရပြီး ယာဉ်မောင်းကတော့ ထွက်ပြေးသွားကာ ကားပေါ်မှာ အမျိုးသား ၁၂ ဦး အမျိုးသမီး ၃ ဦး ပေါင်း ၁၅ ဦး တွေ့ရှိခဲ့တာပါ။ 

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံဘက်ကနေ မလေးရှားကို သွားဖို့လိုက်လာတာဖြစ်ပြီး တစ်ယောက်မှ မှတ်ပုံတင်အထောက်အထားမရှိဘဲ တောလမ်းကနေတဆင့် ပရကျူပ်ခီရီခန်ခရိုင် ဘက်ကနေ ဝင်ရောက်လာကာ အုန်းခြံတစ်ခုထဲကနေ စောင့်ဆိုင်းပြီး ကားသမားက ကြိုလာ တာလို့ ပြောပါတယ်။ 

သူတို့တွေဟာ တယောက်နဲ့တယောက် အရင်ကမသိခဲ့ဖူးဘဲ ပွဲစားက လူစုမှတွေ့ဖူးကြောင်း၊ မလေးရှားသွားဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၃၇၀၀၀ ပေးရမှာဖြစ်ပြီး ငွေကိုတော့ ခရီးဆုံးမှ ပေးချေရမယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝက ဥပဒေနဲ့အရေးယူဖို့ ဘန့်မပ်အမရစ်ရဲစခန်းကို ဆက်လက်ပို့ ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024