DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် CDM ကျောင်းသား ၇၃ ရာခိုင်နှုန်းအထိရှိ
DVB
·
December 22, 2022
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် CDM ကျောင်းသား ၇၃ ရာခိုင်နှုန်းအထိရှိ
Donate to DVB

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျောင်းသားစုစုပေါင်းဦးရေရဲ့ ၇၃ ရာခိုင်နှုန်းဟာ CDM လှုပ်ရှားမှု ကို ခိုင်မာစွာ ဆက်လက်ဆောင်ရွက်နေတယ်လို့ တက္ကသိုလ်ကောင်စီက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးကတည်းက ရန်ကုန်နည်းပညာကိုတက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူအားလုံးဟာ CDM လှုပ်ရှားမှုကို ပြုလုပ်လာခဲ့တာဟာ ဒီနေ့အထိဖြစ်ပြီး တက္ကသိုလ်ကောင်စီက လက်ရှိအချိန်အထိ လက်ခံရရှိထားတဲ့ စာရင်းအချက်အလက်တွေအရ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားစုစုပေါင်းဦးရေရဲ့ ၇၃ ဒဿမ ၉ ရာခိုင်နှုန်းဟာ CDM လှုပ်ရှားမှုကို ခိုင်မာစွာ ဆက်လက်ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နှစ်အလိုက် CDM ပြုလုပ်ထားတဲ့ စာရင်းကားချပ်တွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ကာ (Final Year) စာရင်းနဲ့ပတ်သက်ပြီး ယခင်ထုတ်ပြန်ခဲ့တဲ့ လူစာရင်းအပြင် ထပ်တိုးစာရင်းကို ကောင်စီမှ အတည်ပြုနေတယ်လို့လည်း တက္ကသိုလ်ကောင်စီထံက သိရပါတယ်။

စစ်ကောင်စီ ပညာရေးဌာနက တရားမ၀င်ဖွင့်လှစ်ထားတဲ့ အရည်အသွေးအာမခံချက်နဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေတဲ့ သင်တန်းအစီအစဉ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့် အမည်ပျက်စာရင်းသွင်းကာ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး လက်ရှိအချိန်အထိ Final Year မှာ အမည်ပျက်စာရင်းထုတ်ပြန်ပြီးသူ ၉၅ ဦး ရှိ တယ်လို့ တက္ကသိုလ်ကောင်စီက ပြောပါတယ်။

ဒီလို အမည်ပျက်စာရင်းသွင်းခံရတဲ့သူတွေနဲ့ ကြေညာချက်ထုတ်ပြန်တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ပြီး တပတ်အတွင်း မိမိကိုယ်တိုင်ရေးသားထားတဲ့ အယူခံလွှာတွေကို တက္ကသိုလ်ကောင်စီရဲ့ အီးမေးလ်ကို ပေးပို့တင်ပြနိုင်တယ်လို့ အသိပေးထားပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဘာသာရပ်သင်တန်း ၂၉ မျိုးရှိပြီးတော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ကျောင်းတက်ရောက်ခဲ့တဲ့အရေအတွက်ဟာ အယောက် ၅၀၀၀ ကျော်လောက်ထိရှိခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013