DVB Logo
Home
မြန်မာသတင်း
ပါတီရုံးများအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဝင်ရောက်သူများကို အရေးယူမည်ဟု အန်အယ်လ်ဒီ ကြေညာ
DVB
·
July 5, 2022
ပါတီရုံးများအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဝင်ရောက်သူများကို အရေးယူမည်ဟု အန်အယ်လ်ဒီ ကြေညာ
Donate to DVB

အန်အယ်လ်ဒီပါတီရုံးတွေကို နည်းမျိုးစုံနဲ့ ဖွင့်လှစ်ဖို့ ကြိုးစားနေတာကို လုံးဝခွင့်မပြုဘဲ ကျူးလွန်ဝင်ရောက်ရင်လည်း တရားဥပဒေကြောင်းအရ အရေးယူမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ  ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ ဗဟိုရုံးချုပ် အပါအဝင် အန်အယ်လ်ဒီရုံးတွေကို စစ်ကောင်စီက ၁၀၆ ကြိမ် ကျူးကျော်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ယောက် အပါအဝင် ပါတီဝင် ၂၂၄ ယောက်တို့ရဲ့ အိမ်နဲ့ပိုင်ဆိုင်မှုတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဝရမ်းကပ် ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရတယ်လို့လည်း အန်အယ်လ်ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဂုံတိုင်ရှိ အန်အယ်လ်ဒီဗဟိုရုံးချုပ်ကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ညက စစ်သားနဲ့ရဲတွေ ပူးပေါင်းစီးနင်းဝင်ရောက်ခဲ့ပြီး ပါတီရဲ့ စာရွက်စာတမ်းတွေ ယူသွားခဲ့သလို မတ်လကုန်ပိုင်းမှာ မီးကွင်းပစ် မီးရှို့တာ၊ ဇွန်လလယ်မှာ ဗုံးနဲ့ပစ်တာတို့ကိုလည်း လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ အရေးယူပေးဖို့ ဗဟန်းရဲစခန်းမှာ တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်တာမရှိတဲ့အပြင် တိုင်ကြားခဲ့ကြတဲ့ ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်းနဲ့ ဦးစိုးလေးတို့ကို မတရားအမှုဆင်ဖမ်းဆီးထောင်ချခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို အခြေအနေတွေကို အခွင့်ကောင်းယူပြီ အဖွဲ့ချုပ်က တာဝန်ပေးမထားသူတွေကို အဖွဲ့ချုပ်ရုံးထဲကို အကြောင်းအမျိုးမျိုးပြုဝင်ရောက်ဖို့ ကြိုးစားကြံစည်တာတွေ ရှိနေတာကို သိရတယ်လို့ဆိုပါတယ်။

ပါတီရုံးတွေနဲ့ အဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရချိန်မှာ ပြည်သူ့ဆန္ဒနဲ့ သွေဖယ်ပြီး ရုံးခန်းတွေ့ပြန်ဖွင့်ဖို့ ကြိုးစားနေကြသူတွေကို လုံးဝ ခွင့်မပြုသလို ကျူးလွန်ဝင်ရောက်မယ် ဆိုရင်လည်း တရားဥပဒေကြောင်းအရရော၊ ပါတီစည်းကမ်းထိန်းသိမ်းရေး အရပါ ထိထိရောက်ရောက် အရေးယူမယ်လို့ ပါတီရဲ့ ဗဟိုအလုပ်ကော်မတီ၊ ဗဟိုကော်မတီဝင်တွေ၊ ဗဟိုရေးရာကော်မတီဝင်တွေ၊ တိုင်းနဲ့ ပြည်နယ် တာဝန်ခံတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက  အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့သလို နိုင်ငံတဝန်းရှိ  အန်အယ်လ်ဒီပါတီဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ပါတီထောက်ခံဝန်းရံသူတွေကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်နှိပ်ကွပ်နေသလို နေအိမ်တွေ ပါတီရုံးတွေကိုလည်း ချိပ်ပိတ်၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013