Home
မြန်မာသတင်း
ပုသိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတဦး သေဆုံး
DVB
·
May 29, 2022
285010049_1347772149040458_3360110331486318857_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေ ၂၉ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက် စကားဝါးလမ်းအတိုင်းမောင်းနှင်လာတဲ့ ဆိုင်ကယ် ၁ စီးဟာ ဒီနေ့မနက် ၆ နာရီလောက်မှာ ပေါက်ကွဲခဲ့တာကြောင့် မောင်းနှင်လာသူ အမျိုးသား ၁ ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဖြစ်တာက VIP အရက်ဆိုင်ရှေ့နားလောက်မှာဖြစ်သွားတာ၊ ဆိုင်ကယ်ထဲကနေ ထပေါက်တဲ့ပုံစံမျိုး အဲ့နေရာမှာတင် သေသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ အရွယ်လောက်ဖြစ်တယ်လို့ ဒေသခံတွေအကြား ပြောဆိုနေပေမယ့် ဘယ်အဖွဲ့အစည်းက ဆိုတာနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မသိရေးသလို ထုတ်ပြန်တာမျိုးလည်း မတွေ့သေးဘူးလို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီဝက်အကြာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်လာကာ လမ်းတွေပိတ်ဆို့ ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024