Live
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ တစ်နှစ်အတွင်း အသက်မပြည့်ကလေးငယ်များ အပါအဝင် ၇၆ ဦး ကျဆုံး
DVB
·
January 28, 2022

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်တွေအာဏာသိမ်းပြီး တစ်နှစ်အတွင်း အသက် ၁၈ နှစ်မပြည့်တဲ့ ကလေးငယ် ၁၄ ယောက်အပါဝင် ၇၆ ယောက်ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇန်နဝါရီလအထိ အရပ်သားပြည်သူ ၃၂ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲဘော် ၄၄ ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ ဂန့်ဂေါ(ပ.အ.ဖ) ရဲ့ တာဝန်ရှိသူတစ်ယောက်က  ပြောပါတယ်။

အဲဒီကျဆုံးတဲ့ အထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နှမ်းခါးရွာက ပြည်သူ ၉ ယောက်၊ မြင်သားရွာကိုဝင်ရောက် အကြမ်းဖက်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၁၈ ယောက်၊ အသက် ၁၈ နှစ်အောက် ကျဆုံးလူငယ် ၁၄ ယောက်၊ မိုင်းမတော်တဆမှုကြောင့် ကျဆုံးရဲဘော် ၁၁ ယောက်ထက်နည်းရှိခဲ်ပြီး စက်တင်ဘာတစ်လအတွင်းမှာ ၂၉ ယောက်အထိ အများဆုံးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ ဂန်ဂေါမြို့နယ်ထဲက ဒေသခံပြည်သူတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်သလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတွေရဲ့ ငွေကြေးတွေနဲ့ ပစ္စည်း တွေကို ခိုးယူတာတွေ ဆက်တိုက်ကျူးလွန်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024