NUG ငွေတိုက်စာချုပ် နှစ်ပတ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖိုးခန့် ရောင်းချနိုင်

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တာအတွင်းမှာ ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းနီးပါး ရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“ကျနော်တို့ ငွေတိုက်စာချုပ်တွေကို အခု ပြန်ရောင်းနေတာ ၂ ပတ် ရှိသွားပါပြီ။ (အခြေအနေအရ) အရင်လို အုတ်အော်သောင်းတင်း ကြော်ငြာပြီး မရောင်းပေမယ့် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၃ ဒသမ ၆ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေ ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ကာ ဥပဒေနဲ့အညီ ထုတ်ဝေရောင်း ချနေတာ ဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ယခုအချိန်အထိ ရောင်းရငွေအားလုံးကို တော် လှန်ရေးအောင်စိတ်နဲ့ စိတ်ပိုင်းဖြတ်ယုံကြည်စွာ ဝယ်ယူတဲ့သူတွေ မျှော်လင့်တိမ်းညွှတ်တဲ့ ရည်ရွယ်ရာဆီကို လက်ထဲပူအောင်မထားဘဲ စနစ်တကျပေးပို့ စီမံခန့်ခွဲလျက် ရှိပါတယ်။ ယခင်ကထက် ပိုမိုထိရောက်တဲ့ တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်လျက် ရှိနေပြီဆိုတာကိုလည်း သတင်းကောင်းပါးလိုပါတယ်။”

ဒါ့အပြင် ပြည်သူတွေ အားထည့်ဝယ်ယူထားတဲ့ တစ်ကျပ်တစ်ပြားကစလို့  လုံးဝ အလဟဿ မဖြစ်သလို အလေလွင့်အဆုံးအရှုံးလည်း မရှိဘူးဆိုတာကို တော်လှန်ရေးသစ္စာနဲ့ လုံးဝ တာဝန်ယူ/တာဝန်ခံကြောင်းလည်း  NUG ဝန်ကြီးက ပြောပါတယ်။

မျိုးဆက်သစ်တွေအတွက် မြန်မာ့မြေပေါ်က အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေဖို့ ငွေတိုက်စာချုပ်များကို စွမ်းသမျှ ဝယ်ယူပေးကြဖို့လည်း တိုက်တွန်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up