DVB Logo
Home
မြန်မာသတင်း
ကယား ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို ကွယ်လွန်
DVB
·
December 24, 2021
ကယား ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို ကွယ်လွန်
Donate to DVB

စစ်အာဏာမသိမ်းခင်အထိ ခေတ္တဝန်ကြီးချုပ်နဲ့ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဘော့စ်ကို (အသက် ၄၇ နှစ်) ဒီကနေ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဦးဘောစ်ကိုဟာ စစ်အာဏာသိမ်းပြီးနောက် သူ့ကို စစ်ကောင်စီက ထိန်းသိမ်းခဲ့ပါတယ်။ ဒီနောက် ပြန်လွတ်မြောက်လာပြီး တိမ်းရှောင်နေစဉ် အခုလို ကွယ်လွန်သွားတပါ။

ဦးဘောစ်ကိုဟာ ရောဂါအခံရှိနေသူဖြစ်ပြီး ကိုယ့်ဗစ်သံသယနဲ့ ကွယ်လွန်သွားတာလို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလက ကယားပြန်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်ကနေ ရပ်ဆိုင်းခံရပြီးနောက် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုဟာ ခေတ္တဝန်ကြီးချုပ်တာဝန် ပူးတွဲခန့်အပ်ခံခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013