Home
မြန်မာသတင်း
ဂန့်ဂေါတွင် မီးရှို့ခံထားရသည့် စစ်ရှောင်ပြည်သူ ၃ ဦး အလောင်းတွေ့ရှိ
DVB
·
December 1, 2021
262800193_121767100309715_6285960137259211674_n

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က မီးရှို့ခံထားရတဲ့ စစ်ရှောင်ပြည်သူ ၃ ဦး အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန်ဂေါမြို့နယ် မြစ်သာမြစ်အရှေ့ဘက်က ရေရှင်ရွာနားမှာရှိတဲ့ စစ်ရှောင်တဲတွေကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ ၄ ရက်လောက်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စစ်ရှောင်ပြည်သူ ၃ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

“ပြည်သူလူထုကို ဖက်ဆစ်စနစ်ထက် ယုတ်မာပြီး မီးရှို့သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်တင်တင် ကျူးလွန်နေတာ ဖြစ်တယ်။” 

စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ရှောင်ပြည်သူတွေကတော့ ရေရှင်ရွာက ၁ ယောက်နဲ့ အင်းကျွန်း ရွာက ၂ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရေရှင်ရွာနားမှာရှိတဲ့ စစ်ရှောင်တဲ ၅ လုံးနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွားပြီး အပြစ်မဲ့ စစ်ရှောင်ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာလို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာမှာလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က ဒေသခံပြည်သူ ၁၈ ယောက်ကို စစ်တပ်ကမတရားဖမ်းဆီးပြီး အပြစ်မဲ့ပြည်သူ ၆ ယောက်ကို သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်ဟာ ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ကျေးရွာတွေကို တောနင်းရှာဖွေမွှေနှောက်တာတွေပြုလုပ်နေသလို အကြမ်းဖက်သတ်ဖြတ်မီးရှို့ တာတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024