Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၇ ဦး လက်နက်ကြီးထိမှန်
DVB
·
November 26, 2021
259605989_2880791335476757_3893496124979353605_n
258375775_2880790695476821_4599097538116183213_n
261387697_2880791295476761_7375396217301918180_n
261002600_2880791465476744_6233345856775298420_n
260968300_2880791398810084_7860203418303424923_n
260966092_2880791378810086_1018133287473968263_n
260775353_2880791315476759_8550189062397814849_n
259825682_2880791422143415_7538656341937953034_n

စစ်​ကိုင်းတိုင်း ဘုတလင်မြို့နယ် သာယာကုန်း​ကျေးရွာ ဘုန်း​တော်ကြီး​ကျောင်းဝင်း အတွင်းမှာ စစ်​ရှောင်​နေစဥ် စစ်​ကောင်စီတပ်ဖွဲ့ပစ်ခတ်မှု​ကြောင့် လက်နက်ကြီးထိမှန်ခံခဲ့ရတဲ့ ပြည်သူ ၇ ဦးကို ကနီဆေးတပ်ဖွဲ့ (Kani medical team ) က နိုဝင်ဘာ ၂၅ ရက်​ ညပိုင်းမှာ သွား​ရောက်​ဆေးကုသမှု ​ပေးခဲ့ပါတယ်။ 

ဒဏ်ရာရသူ ၇ ဦးဟာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦးဖြစ်ပြီး အဲဒီထဲက အမျိုးသမီး ၂  ဦးက​တော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ​ဆေးကုသမှု​ပေး​နေတဲ့ တာဝန်ရှိသူတစ်​ဦးက ​ပြောပါတယ်။  

တိုက်ပွဲအတွင်းမှာ စစ်​ရှောင်ပြည်သူ ၇ ဦးနဲ့ ​PDF ဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စုစု​ပေါင်း ၉ ဦးရှိကာ စစ်​ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အ​ခြေ​အနေက​တော့ မသိရ​သေးဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့နဲ့ KPDF(Kani PDF) မဟာမိတ်တပ်​ပေါင်းစု အဖွဲ့တို့ဟာ ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ် အစပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့မှု​ရှိခဲ့ပြီး မြသိန်းတန် ဘုရားကုန်း ​ပေါ်က​နေ စစ်​ကောင်စီတပ်ဖွဲ့က လက်နက်ကြီး​တွေနဲ့ ပစ်ခတ်ခဲ့တာ​ကြောင့် စစ်​ရှောင်ပြည်သူ​တွေ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း ဆောမြို့နယ်မှာလည်း နိုဝင်ဘာ ၂၅ ရက်က PDF- ဆောတပ်ဖွဲ့က ဒေသခံပြည်သူ ၁၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။

သက်ကြီးဘိုးဘွားတွေနဲ့ ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ ၁၅၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တဲ့အပြင် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စကားတွေပြောပြီး ပြုစုစောင့်ရှောက်ပေးခဲ့တယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024