Home
မြန်မာသတင်း
ကဝမြို့နယ် အလယ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ
DVB
·
November 25, 2021

ပဲခူတိုင်း၊ ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာအုပ်စု၊ အလယ်ကျေးရွာအုပ်ချုပ် ရေးမှူးရုံးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''အုပ်ချုပ်ရေးမှူးရုံးထဲမှာ ပေါက်တာဗျ။ အဲ့ထဲမှာ စစ်သား ၂  ယောက်နဲ့ သူတို့ရဲ့ခိုင်းဖတ်ဒလန် ၃ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာတွေတော့ ရကုန်တယ်ကြားတယ်။ သေကုန်လား ဘာလား မသိရသေးဘူး'' လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံးကို ပဲခူး-BDF နဲ့ ပဲခူး-BGF တို့က ရှော့တိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ပဲခူး-BGF တာဝန်ခံက အတည်ပြုပြောဆိုထားပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အလည်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းက စစ်သား ၂ ယောက်နဲ့ ဒလန် ၃ ယောက်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကိုသိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ပဲခူး BDF နဲ့ မဟာမိတ်အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ လက်ပါးစေမှန်သမျှကို အခု ရက်ပိုင်းတွေမှာ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့ နေရာတွေနဲ့ ပြည်သူတွေ အဝေးက သွားလာနေကြဖို့ ပဲခူး BDF နဲ့ မဟာမိတ်အဖွဲ့ဝင်တွေက သတိပေးပြောဆိုထားပါတယ်။

ရေတာရှည်မြို့နယ်၊ စိုင်တမော့လေးရွာက အာဏာသိမ်းစစ် ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမင်းစိုးဟာ  နိုဝင်ဘာလ ၂၃ ရက်နေ့ညက လယ်ထဲကတဲမှာ ဦးခေါင်းကို ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့ ပုဏ္ဏားစုရပ် ၁၄ အနောက်ဘက် လမ်းထိပ်နေရာနဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ ပုဏ္ဏားစုရပ် ၁၂ လမ်းနေရာမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024