DVB Logo
Home
မြန်မာသတင်း
ကျဆုံးကဗျာဆရာ ကေဇဝင်း၏ “သင်တို့ဘုရားငါမဖူး” ကဗျာ ပါဝင်သည့် အိုးဝေစာစောင် ထွက်ရှိ
DVB
·
October 22, 2021
ကျဆုံးကဗျာဆရာ ကေဇဝင်း၏ “သင်တို့ဘုရားငါမဖူး” ကဗျာ ပါဝင်သည့် အိုးဝေစာစောင် ထွက်ရှိ
Donate to DVB

နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာ ကေဇဝင်းရဲ့ “သင်တို့ဘုရားငါမဖူး” ကဗျာပါဝင်တဲ့ အိုးဝေစာစောင် အမှတ် ၅ ထွက်ရှိလာခဲ့ပါတယ်။

ကဗျာဆရာ ​ကေဇဝင်းဟာ မတ်လ ၃ ရက်​နေ့က မုံရွာမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်​ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

အိုးဝေစာစောင်ကိုတော့ လွတ်လပ်ရေးကြိုးပမ်းမှုကာလက ကျောင်းသားခေါင်းဆောင်ကို အောင်ဆန်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး ခုတခါမှာတော့ ဗကသများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ စီစဉ်ထုတ်ဝေနေတာ ဖြစ်ပါတယ်။

ဒီစာစောင်ကို နှစ်ပတ်တကြိမ်ထုတ်ဝေနေတာဖြစ်ကာ သတင်း၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း၊ သရော်စာ၊ ဘာသာပြန် စတဲ့ကဏ္ဍတွေနဲ့ စောင့်မျှော်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ အတွဲ ၁ အမှတ် ၅ မှာ ဖတ်ရှုရမှာတွေကတော့

ကဗျာ

▪ သင်တို့ဘုရား ငါမဖူး

▪ ဘေးထွက်ဆိုးကျိုး

▪ စစ်ကလက်

▪ နွေဦးလမ်း

▪ ငကြောက်

ဆောင်းပါး

▪ နိုင်ငံတကာနဲ့ ဗမာ့တော်လှန်ရေး

▪ မြေပုံအတုနဲ့ ပြည်ထောင်စုအတု

▪ “စပါးတတင်း ၅၄၀၀ ကျပ် - မအလခေါင်းကို-ြတ်”

ဝတ္ထုတို

▪️ ငရဲပြည်က နဝမမြောက်အထပ်

ဘာသာပြန်

▪ နှစ် ၁၀၀ ပြည့် ရုရှားတော်လှန်ရေး အောက်ခြေမှအမြင်

▪ ဗီယက်နမ်က တပ်တွင်းတော်လှန်ရေး

စတာတွေနဲ့ သတင်းသုံးသပ်ချက်တွေကို ဖတ်ရှုရမှာပါ။

___

အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၅ ကို ဒေါင်းလုတ်ရယူရန်

https://bit.ly/3necGEe
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013