
နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာ ကေဇဝင်းရဲ့ “သင်တို့ဘုရားငါမဖူး” ကဗျာပါဝင်တဲ့ အိုးဝေစာစောင် အမှတ် ၅ ထွက်ရှိလာခဲ့ပါတယ်။
ကဗျာဆရာ ကေဇဝင်းဟာ မတ်လ ၃ ရက်နေ့က မုံရွာမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။
အိုးဝေစာစောင်ကိုတော့ လွတ်လပ်ရေးကြိုးပမ်းမှုကာလက ကျောင်းသားခေါင်းဆောင်ကို အောင်ဆန်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး ခုတခါမှာတော့ ဗကသများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ စီစဉ်ထုတ်ဝေနေတာ ဖြစ်ပါတယ်။
ဒီစာစောင်ကို နှစ်ပတ်တကြိမ်ထုတ်ဝေနေတာဖြစ်ကာ သတင်း၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း၊ သရော်စာ၊ ဘာသာပြန် စတဲ့ကဏ္ဍတွေနဲ့ စောင့်မျှော်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ခုတပတ်ရဲ့ အတွဲ ၁ အမှတ် ၅ မှာ ဖတ်ရှုရမှာတွေကတော့
ကဗျာ
▪ သင်တို့ဘုရား ငါမဖူး
▪ ဘေးထွက်ဆိုးကျိုး
▪ စစ်ကလက်
▪ နွေဦးလမ်း
▪ ငကြောက်
ဆောင်းပါး
▪ နိုင်ငံတကာနဲ့ ဗမာ့တော်လှန်ရေး
▪ မြေပုံအတုနဲ့ ပြည်ထောင်စုအတု
▪ “စပါးတတင်း ၅၄၀၀ ကျပ် - မအလခေါင်းကို-ြတ်”
ဝတ္ထုတို
▪️ ငရဲပြည်က နဝမမြောက်အထပ်
ဘာသာပြန်
▪ နှစ် ၁၀၀ ပြည့် ရုရှားတော်လှန်ရေး အောက်ခြေမှအမြင်
▪ ဗီယက်နမ်က တပ်တွင်းတော်လှန်ရေး
စတာတွေနဲ့ သတင်းသုံးသပ်ချက်တွေကို ဖတ်ရှုရမှာပါ။
___
အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၅ ကို ဒေါင်းလုတ်ရယူရန်