Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ဗိုလ်မှူး ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁၅ သေဆုံး
DVB
·
October 16, 2021
245657974_552677965808399_4287655995088156268_n

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းလမ်းခွဲမှာ အောက်တိုဘာ ၁၆ ရက် မနက် ၉ နာရီခွဲလောက်က   စစ်ကိုင်းဘက်ကနေလာတဲ့ စစ်ကောင်စီရဲ့ ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)က  ကြေညာပါတယ်။

“မြောင်မြို့ပေါ်ကို အင်အားဖြည့်ဖို့ ဝင်လာတဲ့စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဗျ။ အကျဆုံးကတော စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်တစ်ယောက်ကျမယ်။ တပ်သား ၁၅ ဦးကျဆုံးမယ်”လို့  MSPDF တပ်မှ  ကိုတိုက်ဂါးက ပြောပါတယ်။

အခုလိုမိုင်းဆွဲတိုက်ခိုက်ရာမှာ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ ၊ 27 Revolution Force (မြင်းခြံ) အဖွဲ့နဲ့ မဟာမိတ်ညီနောင်တွေ ပူးပေါင်းပြီး ပဒေသာမိုင်း ၃ လုံးတွဲနဲ့ ဆီးကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့်   စစ်ကား ၂ စီး  ပျက်စီးသွားပြီး ကျန်ကားတွေပေါ်ကနေ လက်နက်ငယ်တွေနဲ့  ပြန်ပစ်ခတ်နေချိန် ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ အကျဆုံးမရှိ ဆုတ်ခွာလာခဲ့တယ်လို့  သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024