
မွန်ပြည်နယ် မုဒုံမြို့မှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အသက်မပြည့်သေးသူ နှစ်ဦးကို စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မုဒုံမြို့ အမှတ် ၁ စာသင်ကျာင်းရှေ့၊ အောင်ချမ်းသာလမ်းမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်မင်းထက်ကျော်ကို အောက်တိုဘာ ၁၃ ရက်နေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ရှင်စောပုလမ်းသွယ် (ရဲစခန်းလမ်းကြား) မှာ နေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် မနှင်းပွင့်မဒီကိုလည်း အောက်တိုဘာ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မုဒုံမြို့ခံ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။
“နှစ်ယောက်စလုံးက ကျောင်းသားအရွယ်လူငယ်တွေပါ။ စစ်သားတွေက နေအိမ်တွေမှာ မတရားဝင်ရောက်ဖမ်းဆီးခဲ့တာပါ။”
အဖမ်းခံရတဲ့ လူငယ်တွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရဘဲ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်သားတွေက သိမ်းယူသွားပါတယ်။