Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ဒုတိယအကြိမ်ဗုံးခွဲခံရ
DVB
·
October 4, 2021
244461481_2741542082805149_7960872164206924648_n

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ အောက်တိုဘာ ၃ ရက် ည ၁၂ နာရီက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၁ တိုင်  ဒုတိယအကြိမ် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းကျေးရွာ အထက်တန်းကျောင်းဘေးက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ဗုံးခွဲခံလိုက်ရတာဖြစ်ပြီး တာဝါတိုင်ရဲ့ အထိုင်စက်နဲ့ စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “တာဝါတိုင်ရဲ့ အထိုင်စက်နဲ့ စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်ဆိုတာတော့ ကြားတယ်။ မနက်ကတည်းက ခုအချိန်အထိ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတုန်းပဲ၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာတော့ မသိရသေးဘူး၊ ထုတ်ပြန်တာလည်း မရှိဘူးလေ။”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ပုဇွန်မြောင်းကျေးရွာထိပ်မှာ နေထိုင်စျေးရောင်းချနေတဲ့ စျေးသည် မိသားစုတွေ ကြောက်လန့်ကာ ရွာအတွင်းကို ညတွင်းပြောင်းရွှေ့ခဲ့ကြပြီး ဖောက်ခွဲသူကိုတော့ ခုအချိန်ထိ မဖမ်းမိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ တာဝါတိုင် နေရာကို စစ်ကောင်စီရဲ့ လုံ​ခြုံရေးတပ်ဖွဲ့ဝင်တွေ ချက်ချင်း ရောက်မလာဘဲ မနက်မိုးလင်းမှသာ အင်အား ၃၀ ကျော်နဲ့ ရွာကို ဝင်ရောက်လာပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ နှင်းဝိ(သံတံတား)ကျေးရွာနဲ့ နဘဲပင်ကျေးရွာတို့မှာ နိုဝင်ဘာလ ၂ ရက်နေ့ညက မိုင်တဲလ်တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရပြီနောက် ပုဇွန်မြောင်းကျေးရွာမှာ ဒုတိယအကြိမ် ထပ်မံဗုံးခွဲခံရတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024