Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းမြို့၌ ဗုံး ၂ လုံးပေါက်ကွဲ ၊ ၄ ဦး ဒဏ်ရာရ
DVB
·
October 3, 2021
243269247_1195360067615001_8239518209306364717_n
243186242_1195360154281659_8447540010447922657_n

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ် ၁၀ ရပ်ကွက်မှာ အောက်တိုဘာလ ၃ ရက် ဒီနေ့ မနက်ပိုင်းက ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့ တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဗိုလ်ချုပ်လမ်းနဲ့စပယ်လမ်းထိပ် လက်ဖက်ရည်ဆိုင်နားမှာ  မနက် ၉ နာရီ ၄၅ မိနစ်ကနေ ၁၀ နာရီကြား  ဗုံး နှစ်လုံး ဆင့်ပေါက်ကွဲခဲ့တာကြောင့် လူ  ၄ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဒလန်တွေထိုင်နဲ့ လက်ဖက်ရည်ဆိုင်နားမှာ ခွဲတာ ၄ ယောက် ဒဏ်ရာရတယ်။ ဘယ်သူတွေဆိုတာ တော့ မသိရသေးဘူး။ အဲဒီဆိုင်က ရဲနဲ့စစ်သား ကင်းလှည့်ပြီးရင် ထိုင်တဲ့ဆိုင်ပါ။”

စစ်အုပ်စုသတင်းပေးတွေ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်နား ဗုံးခွဲခဲ့တာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မော်လမြိုင်ကျွန်း မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (Maw Gyun-STF)က  အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်ကာ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024