
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုတ္တက်ကျေးရွာက စစ်တပ်ကို ရွာခေါ်မယ်လို့ ကြုံးဝါးသူတစ်ဦးကို စက်တင်ဘာလ ၂၃ ရက် ည ၁၀ မှာ King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) က ရှင်းလင်းလိုက်တယ်လို့ပြောပါတယ်။
“သူက ရွာသူရွာသားတွေကို ခြိမ်းခြောက်ပြီး စစ်တပ်ကို ရွာခေါ်မယ်။ စစ်တပ်လာရင် ရွာ ဘာဖြစ်သွားမယ်ထင်လဲ၊ PDF နဲ့ ဆက်သွယ်သူအားလုံးကို ဖမ်းခိုင်းမယ်။ အဲဒီလိုတွေ ပြောတယ်သိရလို့ ရှင်းလိုက်တယ်” လို့ King Cobra ကပြောပါတယ်။
ပျူစောထီးအဖွဲ့ဝင်၊ စစ်ကောဂ်စီ သတင်းပေး ဘိုလှိုင် အသက် (၃၇) နှစ်ခန့်ဟာ ကုတ္တက်ကျေးရွာက သူ့ရဲ့နေအိမ်မှာပဲ အသတ်ခံရတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ထနောင်းကိုင်းကြီးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတို့ စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီလောက် စစ်ကောင်စီအစည်းအဝေးကအပြန် ခင်ဦး-သင်းပေါင်းကားလမ်းပေါ်ရှိ ကုန်းကြီးကျေးရွာနဲ့ပေါက်အိုင်ကျေးရွာအကြားမှာ King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) က ရှင်းလင်းသုတ်သင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) အဖွဲ့အနေနဲ့ ၂၇ ယောက်မြောက် ရှင်းလင်းသုတ်သင်လိုက်တာလို့ ကြေညာထားပါတယ်။