Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ၁ တိုင် မီးရှို့ ဖျက်ဆီးခံရ
DVB
·
September 23, 2021
242489376_159096979718408_6769555724286658977_n

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာအနီးနားက စစ်တပ်ပိုင်  မိုင်တဲလ် ဆက်သွယ်ရေး တာဝါတိုင်ကို စက်တင်ဘာ ၂၂ ရက်  ည ၉ နာရီ လောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့   ရေးမြို့  

ပြောက်ကျားအထူးတပ်ဖွဲ့က ပြောပါတယ်။ 

အဆိုပါ တာဝါတိုင်ကို လွန်ခဲ့တဲ့ သုံးလခန့်က မိုင်းခွဲဖျက်ဆီးခဲ့ပေမဲ့  စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်ထားပြီး  အခုထပ်မံ မီးရှို့ ခံရတာဖြစ်ပါတယ်။ 

ရေးမြို့နယ်မှာ ရေးမြို့  PDF တပ်ဖွဲ့က စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုအကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့  မိုင်တဲလ်တာဝါတိုင်ပေါင်း ယနေ့ အထိ ၄  တိုင်ဖျက်ဆီးထားပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ပေါင်း  ၂ဝဝဝ ကျော်ထဲမှာ ဒေသဆိုင်ရာ PDF တွေရဲ့ လက်ချက်ကြောင့် မိုင်တဲလ်တာဝါတိုင်ပေါင်း  ၁၀၀ ဝန်းကျင်ဖျက်ဆီးခံထားရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024