
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မိုင်တဲလ်ရုံးက CDM ပြုလုပ်ထားတဲ့ အင်ဂျင်နီယာတဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက် ည ၁၀ နာရီခွဲလောက် အောင်ချမ်းသာ၊ နယ်မြေ (၅) က နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“အခုဖမ်းခံရသူက CDM ပြုလုပ်ထားတာကြာပြီ။ ဒီရပ်ကွက်မှာ လာနေတယ်။ ဘယ်လို သတင်းရလို့ မသိဘူး။ သူ့ကို စစ်ကားတွေအများကြီးနဲ့ လာဖမ်းဆီးသွားတယ်။”
မုံရွာမြို့မှာ စက်တင်ဘာလအတွင်း မိုင်တဲလ် တာဝါတိုင် ၁ တိုင်၊ စစ်ကိုင်းတိုင်း မိုင်တဲလ် ရုံးခွဲနဲ့ မြန်မာဘီယာရုံးတို့ကို ဖောက်ခွဲမှုတွေ ပြုလုပ်ခံရပြီးနောက် CDM ပြုလုပ်တဲ့ မိုင်တဲလ် ရုံးဝန်ထမ်းတွေကို အခုလို မတရားလိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။