
အာဏာရှင်ကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်ပြီး နှိပ်စက်ခံဒဏ်ရာတွေနဲ့ ဒူးထောက်ကာ ကြိုးတုပ်ဖမ်းဆီးထားတဲ့ ကရင်နီလူငယ် ၂ ယောက်ပုံကို စတင်ဖြန့်ဝေခဲ့တာက ဒီးမော့ဆိုမြို့နယ် ငွေတောင်မှာရှိတဲ့ ခလရ ၁၀၂ တပ်ဝင်းထဲမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
ကြိုးတုပ်ဖမ်းဆီးထားတဲ့ ကရင်နီလူငယ် ၂ ယောက်ပုံကို အဲဒီတပ်ထဲက စစ်သားတစ်ယောက်က စတင်ဖြန့်ဝေခဲ့တာလို့ စစ်တပ်အသိုင်းအဝိုင်းထံကနေ စုံစမ်းသိရှိရပါတယ်။
အဲဒီငွေတောင် ခလရ ၁၀၂ ဝင်းထဲမှာ အခြေပြုပြီး ကွပ်ကဲညွှန်ကြားသူက တပ်မ ၆၆ တပ်မမှူးဖြစ်ပြီး အခုဖြစ်စဉ်ကို တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၄ က စစ်သည်အရာရှိတွေက အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလူငယ်နှစ်ဦးဟာ ၆ မိုင်ကျေးရွာ ကယောပိုင်းက အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ဖီဒေးလယ်နဲ့ ပါစကွားလယ်တို့ ဖြစ်တယ်လို့ သိရပြီး သူတို့သေဆုံးသွားတာ ဟုတ်၊ မဟုတ်ကိုတော့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။