Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် မိုင်တဲတာဝါတိုင် ၆ တိုင်က စက် ၆ လုံး ဖျက်ဆီးခံရ
DVB
·
September 7, 2021
241512742_529181308158065_3590638130381722260_n
241468333_529181258158070_8298682579985641913_n
241538005_529181218158074_7624749929924288829_n

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း MYTEL TOWER တိုင် ၆ တိုင်ကစက် ၆ လုံးကို စက်တင်ဘာ ၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အမည်မသိအဖွဲ့စည်းတခုက တစ်ပြိုင်တည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကူတော်ရွာဘေးက တစ်တိုင်၊ အင်းတဲလမ်းဘေးက တစ်တိုင်၊ ယုန်လေးကုန်းရွာဘေးက တစ်တိုင်၊ လွဲတဲရွာဘေးက တစ်တိုင်၊ ငပယင်းရွာဘေးက တစ်တိုင်နဲ့ မုံရွာ-ရေဦး ကားလမ်းအနီး တောင်ကလပ်ဘုန်းတော်ကြီးကျောင်း အနီးကတစ်တိုင် စုစုပေါင်း‌ ၆ တိုင်ကို ဖျက်ဆီး မီးရှို့သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဘယ်အဖွဲ့က ဖျက်ဆီးတယ်ဆိုတာ မသိရဘူး။ တိုင်ခြေရင်းမှာ မိုင်းထောင်ဖျက်ဆီးတာတွေလုပ်သလို၊ စက်ပုံးတွေနဲ့ ကေဘယ်လ်ကြိုးတွေ ဖျက်ပစ်တာတွေလည်း ရှိတယ်။ အခုလို ဖျက်ဆီးလို့ စစ်ကောင်စီက ကျနော်တို့ရွာတွေက ဒေသခံတွေ ဖမ်းဆီးနှိပ်စက်ခံရမှာလည်း ကြောက်ရသေးတယ်ဗျ။ ပြောရရင်ဗျာ ဟိုလည်း ကြောက်ရ၊ ဒီလည်းကြောက်ရနဲ့ ခေတ်ကို မြန်မြန်ကောင်းစေခြင်လှပါပြီဗျာ။” 

ဘုတလင်မြို့နယ်အတွင်း အခုလို ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ဖျက်ဆီးတာ အရင်က မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024