Live
Home
မြန်မာသတင်း
KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
August 4, 2021

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီမှာ စစ်ရေးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ် စောနေစိုးမြဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ဩဂုတ် ၃ ရက် ညက ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဗိုလ်ချုပ် စောနေစိုးမြဟာ ထိုင်းဒေသစံတော်ချိန် မနေ့ည  ၁၀ နာရီခွဲမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အင်တာနေရှင်နယ်ဆေးရုံမှာ  တက်ရောက်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားတာဖြစ်ပြီး  ကွယ်လွန်ချိန်မှာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်စောနေစိုးမြဟာ ကရင့်အမျိုးသားတော်လှန်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ အငယ်ဆုံးသားဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေခွဲထွက်သွားတဲ့ ဗိုလ်ချုပ်ထိန်းမောင်ဦးဆောင်တဲ့ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီမှာ ဗိုလ်ချုပ်စောနေစိုးမြက စစ်ရေးချုပ်အဖြစ်   တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်သွားတာဖြစ်ပါတယ်။

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ ကရင်လက်နက်ကိုင်အဖွဲ့ဟာ အစိုးရနဲ့ တနိုင်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Photo Credit- Nawtayar

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024