မကွေးမြို့မှာ သြဂုတ်လ ၁ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
သေဆုံးခဲ့တဲ့သူတွေကတော့ မကွေးတိုင်းဆေးရုံကြီးမှာ ကုသမှုခံယူနေသူ ၅ ယောက်၊ ကန်သာရပ်ကွက်က ၂ ယောက်၊ မြင်သာရပ်ကွက်က ၂ ယောက်၊ မြို့ဟောင်းရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ မြို့မရပ်ကွက်နဲ့ ရွှေညောင်ရပ်ကွက် ရပ်ကွက်တွေမှာ တစ်ယောက်စီ သေဆုံးခဲ့တာလို့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲဒီ သေဆုံးတဲ့သူအများစုဟာ အောက်ဆီဂျင်အခက်အခဲဖြစ်လို့ သေဆုံးတာဖြစ်ပြီး ဆေးရုံတွေမှာလည်း အောက်ဆီဂျင်လုံလောက်မှု မရှိတာကြောင့် လူမှုရေးအသင်းအဖွဲ့တွေက အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
မကွေးမြို့က ပြည်သူတွေ အားကိုးအားထားပြုတွေရတဲ့ လူမှုကူညီရေးပရဟိတအဖွဲ့ ၂ ဖွဲ့ကလည်း ကိုဗစ်ရောဂါကူးစက်ခံထားရသူ ၁၃ ယောက် ရှိတာကြောင့် ကူညီမှုလမ်းကြောင်းတချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၉၁ နဲ့ သေဆုံးတဲ့သူ ၂၉ ယောက်ရှိပြီလို့ ကျန်းမရေးဌာနက သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။