Home
မြန်မာသတင်း
ရန်ကုန်သုသာန် ၄ ခုတွင် ယနေ့ ရုပ်အလောင်း ၃၀၀ ခန့် မီးသင်္ဂြိုဟ်
DVB
·
July 31, 2021

ရန်ကုန်မြို့မှာရှိတဲ့ သုသာန် ၄ ခုမှာ ဇူလိုင် ၃၁ ရက် ဒီကနေ့    မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျဆင်းသွားပြီး ၃၀၀ ဝန်းကျင်ရှိတယ်လို့ နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဒီနေ့ ရေဝေးမှာရုပ်အလောင်း ၁၀၀ ပတ်ဝန်းကျင်၊ ထိန်ပင်မှာ ၁၀၀ ပတ်ဝန်းကျင်၊ ကျီစုမှာ ၂၀ ကျော်နဲ့ ကျူချောင်းမှာ ၈၀ နီးပါး  မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။

ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက်ဟာ ကိုဗစ်တတိယလှိုင်း မတိုင်ခင်ကာလကလို ပုံမှန်ပြန်ဖြစ်လာပေမယ့် နောက်ရက်တွေကိုတော့ စောင့်ကြည့်ရဦးမယ်လို့  အဆိုပါသုသာန်မှာ နာရေးကူညီပေးနေတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ 

ကျူချောင်းသုသာန်မှာတော့ ပုံမှန်အတိုင်းပြန်မဖြစ်သေးပေမယ့် မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် သိသိသာသာကျသွားတယ်လို့လည်း  ပရဟိတသမားတစ်ဦးက ပြောပါတယ်။ 

ရန်ကုန်မြို့မှာ ဇူလိုင် ၁၀ ရက်နေ့ကစပြီး ကိုဗစ်ကူးစက်ခံရသူများပြားခဲ့သလို အောက်ဆီဂျင်မရလို့သေဆုံးသူလည်း များပြားခဲ့ပါတယ်။

ဇူလိုင် ၂၀ ရက် ဝန်းကျင်မှာ အခြေအနေအဆိုးဆုံးဖြစ်ခဲ့ပြီး နေ့စဉ် ၁ ရက်ကို ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ လောက် ရန်ကုန်သုသာန် ၄ ခုမှာ မီးသင်္ဂြိုဟ်ခဲ့ရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာတော့ တော့ မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်းအရေအတွက် ပြန်လည်ကျဆင်းခဲ့ပါတယ်။ 

Photo- MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024