မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြီးပြီး ၁ ဦး သေဆုံး
DVB
·
July 30, 2021
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇူလိုင် ၃၀ ရက်မနက်ပိုင်းက သောင်ရင်းမြစ်ရေလျှံတက်လို့ အမှတ် ၅ ရပ်ကွက်နေထိုင်တဲ့ ပြည်သူ တစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အမှတ် ၅ ရပ်ကွက်၊ သရက်ပင်ဂိတ်အနားမှာ သေဆုံးနေလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူရုပ်အလောင်းရှိနေရာကို သွားရောက်ပြီး ပိုးသတ်ဆေးဖျန်းကာ မြဝတီမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ဟာ ရေဘေးသင့်သူတချို့ သေဆုံးမှုရှိနေသလို ကိုဗစ်ကူးစက်ပြီး သေဆုံးသူ ဇူလိုင် ၂၉ ရက် တရက်တည်း ၈ ဦးအထိ ရှိနေပါတယ်။