Home
မြန်မာသတင်း
တောင်ဥက္ကလာ စွန္နီဂျာမေဗလီ မွတ်စလင်လူငယ်များလူမှုကူညီအသင်းက ကြက်ဥ ၅ လုံး ကျပ် ၁၀၀ ဖြင့်ရောင်းချ
DVB
·
July 30, 2021

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ စွန္နီဂျာမေဗလီ မွတ်စလင်လူငယ်များ လူမှုကူညီရေးအသင်းက ကြက်ဥ ၅ လုံးလျှင် ကျပ် ၁၀၀ ဈေးနှုန်းနဲ့ လူတစ်ဦး ၅ လုံးကျစီ စုစုပေါင်း ကြက်ဥ အလုံးရေ ၁၁,၀၀၀ ကို ဇူလိုင်လ ၃၀ ရက် ဒီကနေ့မှာ ရောင်းချပေးခဲ့ပါတယ်။

"အခုလို တကမ္ဘာလုံးဖြစ်နေတဲ့ကပ်ဘေးကာလမှာ လူတိုင်းလိုလို အခက်အခဲကရှိနေကြတာ၊ တဘက်တလမ်းကနေ နည်းနည်းချောင်လည်မှုလေး ဖြစ်သွားအောင်ပေါ့ ၊  အပြင်မှာကြက်ဥဈေးတွေကလည်း အဆမတန်တင်ရောင်းနေတာဆိုတော့လေ  အသင်းအနေနဲ့  တပတ်လောက်ထိ ရောင်းပေးမယ်လို့ စဉ်းစားထားပါတယ်"လို့  စွန္နီဂျာမေဗလီအလုပ်အမှုဆောင် ကိုဇော်မင်းထွန်းကပြောပါတယ်။

တောင်ဥက္ကလာ စွန္နီဂျာမေဗလီမွတ်စလင်လူငယ်များ လူမှုကူညီရေးအသင်းအနေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးတွေလည်းဆောင်ရွက်ခဲ့ပြီး ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာလည်း ဆန်၊ဆီ ပေးဝေလှူဒါန်းခဲ့ပါတယ်။

"ပြည်သူတွေ အားလုံး ကိုယ်ချင်းစာတရားထားပေးဖို့၊ ကိုယ့်အတွက် ပဲကိုယ်မကြည့်ကြပဲ အများအတွက်ငဲ့ပြီး ဒီရောဂါဆိုး ကပ်ဆိုးကြီးကို အားလုံးအတူတူကျော်ဖြတ်ကြရမှာပါ၊ တကိုယ်ကောင်းဆန်နေရင် ကိုယ်ချင်းစာတရားခေါင်းပါးနေရင် ကျနော်တို့ ဒီထက် ဒုက္ခရောက်ကြမှာပါ "လို့  တာဝန်ခံကိုဇော်မင်းထွန်းက ပြောပါတယ်။

Photo - MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024