Home
မြန်မာသတင်း
မိုးကောင်းရဲစခန်းက အချုပ်သား ၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
July 30, 2021
227862470_2992529154408159_5174844871338002870_n

ကချင်ပြည်နယ်  မိုးကောင်းမြို့နယ် မိုးကောင်းရဲစခန်းအချုပ် မှာ  ဇူလိုင် ၂၈ ရက်နေ့က အချုပ်သား တစ်ဦး အနံ့ပျောက်သွားတဲ့အတွက် စစ်ဆေးရာက အချုပ်သား ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့ရသူ အချုပ်သား ၄ ဦးမှာ ဇူလိုင်လအတွင်း အချုပ်ကျသူတွေဖြစ်တယ်လို့ မိုးကောင်း ရဲစခန်း နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အချုပ်သား ၉ ဦးထဲက တစ်ဦးက အနံပျောက်လို့ စစ်ဆေးရာမှာ ၄ ဦးက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့တယ်။ သူတို့ကိုတော့ အချုပ်သီးသန့်ခွဲထားတယ။”  

ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းအချုပ်မှာလည်း ဇူလိုင် ၂၃ ရက်နေ့က အချုပ်သား ၁၃ ယောက်ကို စစ်ဆေးရာမှာ ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဇူလိုင် ၂၈ ရက် ည ၈ နာရီထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆၇၅ ဦး၊ ဆေးကုသဆဲ လူနာ  ၂၆၂၇ဦး နဲ့  သေဆုံးလူနာစုစုပေါင်း ၁၁၈ ဦး ရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024