Home
မြန်မာသတင်း
ရေးမြို့နယ်က ရေဘေးသင့် ပြည်သူ ၂၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေ
DVB
·
July 27, 2021
223717928_127373669557406_7561360113676155682_n
222795856_127373569557416_4743908346653189656_n
221103746_127373849557388_5921268681003390864_n
226491750_127373372890769_6529577759953823959_n
225172247_127373736224066_7004047795249532478_n
224427027_127373696224070_3613879857198799568_n
224322230_127373419557431_2244029184009754314_n
224093919_127373889557384_8188663884835721749_n
224028097_127373632890743_4665924578342669100_n

မွန်ပြည်နယ်၊ ရေးမြို့မှာ မြစ်ရေကြီးနေပြီး  ဇူလိုင် ၂၇ ရက် ဒီနေ့မနက်  ရေတွေ တဖြည်းဖြည်းပဲ ကျဆင်းနေလို့  ယာယီရွှေ့ပြောင်းကြတဲ့ ရေဘေးသင့် ပြည်သူတွေ နေအိမ်တွေကို မပြန်ရရှိသေးဘဲ ယာယီကယ်ဆယ်ရေးစခန်းမှာ ဆက်လက် ခိုလှုံနေရပါတယ်။

“မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းက လူနေအိမ်တွေမှာ  ရေက ၄ ပေ ၅ ပေ လောက်အထိ တက်လာတယ်။ အခု ဒီမနက်မှ မိုးက ရွာတာ နားတော့ ရေလည်း တဖြည်းဖြည်း ပြန်ကျပေမယ့် ပင်လယ် ဒီရေတက်ချိန်နဲ့ဆို ရေက ပြန်တက်လာမှာကို စိုးရိမ်ရတာကြောင့်  ရေနစ်မြုပ်တဲ့ နေအိမ်တွေကို မပြန်နိုင်သေးဘူး” လို့   ရေဘေးသင့် ပြည်သူတဦးက ပြောပါတယ်။

အနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေမှာ နေတဲ့ ပြည်သူအများစုကတော့ နီးစပ်ရာ ရေလွတ်တဲ့နေအိမ် တွေမှာ လိုက်ပြီး နေရပါတယ်။

ယာယီကယ် ဆယ်ရေးစခန်းမှာတော့  အိမ်ထောင်စု ၅၄ စုမှ  ရေဘေးသင့် ပြည်သူ ၂၁၇ ဦးရှိပြီး အများစုဟာ ရွှေ့ပြောင်း လုပ်သားဖြစ်ပါတယ်။

ရေးဘေးသင့်သူတွေအတွက် လိုအပ်တဲ့ အကူညီတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးထားပါတယ်။

ရေးမြို့ ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေအပြင် အနိမ့်ပိုင်းက လူနေအိမ်တွေနဲ့ ဈေးဆိုင်တွေ အချိန်မီ ရွှေ့ပြောင်းထားနိုင်လို့ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024