Home
မြန်မာသတင်း
မန္တလေးတွင် အေအေတပ်ဖွဲ့ဝင်များ အပါအဝင် ၆ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
DVB
·
July 16, 2021
a4
a3
a1
a2

မန္တလေးမြို့မှာ ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၁၆ ရက်နေ့က အွန်လိုင်းကနေ တရားရုံးက နှစ်ရှည်ထောင်တွေ အမိန့်ချခဲ့ပါတယ်။

အေအေတပ်ဖွဲ့မှ ဒုရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ ဒုတပ်ကြပ် မြတ်ခိုင်နဲ့ ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၈) နှစ်၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် သီးခြားစီကျခံဖို့ အမိန့်ချခဲ့ပါတယ်။

ဒါ့အပြင် ပတ်သက်ဆက်နွှယ်တဲ့ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ မိုးကျော် (ခ) ဦးမိုးကျော် နဲ့ ဝင်းသိန်း တို့ကိုလည်း အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၅) နှစ် ၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က) အရ အလုပ်ကြမ်နဲ့ ထောင်ဒဏ် (၃) နှစ် သီးခြားစီကျခံဖို့ အမိန့်ချခဲ့ကြပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ အေအေတပ်ဖွဲ့ဝင်တွေကို  ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူတွေနဲ့ အတူ Satellite Phone တွေ ၊ ယမ်းတုံးတွေ၊  ဖောက်ခွဲရာမှာ အသုံးပြုတဲ့ ဒီတိုနီတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024