Home
မြန်မာသတင်း
ပြည်သူမှ ပြည်သူသို့ ကျန်းမာ​ရေး​စောင့်​ရှောက်မှု စစ်ကိုင်းတိုင်း ​ကျေးရွာအချို့တွင် စတင်
DVB
·
July 15, 2021
218670786_2785557071666851_3641507963126081326_n
218639828_2785556821666876_6887677447711175349_n
218479959_2785557028333522_6191677006118317060_n
218184026_2785557255000166_5106328696902602342_n
217857877_2785556868333538_2450357612912520333_n
217617530_2785556945000197_1011497443295822544_n
217600556_2785557158333509_364755760617246006_n
217573511_2785557111666847_2687721107602761390_n
217398326_2785556985000193_9037181104998843003_n
217395192_2785556905000201_3978312416959936260_n
217302020_2785556748333550_1651483864046773338_n
213811754_2785557211666837_8153888617873964011_n

"ပြည်သူမှ ပြည်သူသို့" ကျန်းမာ​ရေး​စောင့်ရှောက်မှုလုပ်ငန်းကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးရွာတစ်ချို့မှာ  စတင်အ​ကောင်ထည်​ဖော်​လုပ်ဆောင်​နေပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေအတော်များများမှာ  ကိုဗစ်-၁၉ ကူးစက်မှု  ရှိလာတာ​ကြောင့် မိမိတို့​ဒေသမှာ ​ပြည်သူ​တွေရဲ့အခက်အခဲတချို့ကို ​ပြေ​လျော့​စေဖို့ ရည်ရွယ်ကာ လုပ်​ဆောင်​​နေတာဖြစ်ပါတယ်။

“ပိုးစစ်​ဆေးမှုအပိုင်းနဲ့ ပိုး​တွေ့လူနာတွေရဲ့  ​ဆောင်ရွက်ရမယ့်အပိုင်းကို​တော့ CDM မှာပါဝင်ထားတဲ့ ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းတွေက  ​အခမဲ့ ကူညီ​​ဆောင်ရွက်ပေး​တယ်လို့" ပြည်သူမှ ပြည်သူသို့ လှုပ်ရှားမှုမှာ ပါဝင်ကူညီပေးနေသူ တစ်ဦးက ​ပြောပါတယ်။

ဇူလိုင် ၁၅ ရက်မနက်ပိုင်းထိ ကိုဗစ်-၁၉ သံသယလူနာ ၅၀ ​ကျော်စစ်​ဆေးနိုင်ခဲ့ပြီး အဲဒီထဲက ပိုး​တွေ့ရှိသူ ၃၇ ဦးရှိကာ ပိုး​တွေ့လူနာတွေကိုတော့  ကိုယ်ထူကိုယ်ထစနစ်နဲ့  ကျေးရွာအလိုက် ​စောင့်​ရှောက်ထားရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ  ၅၇၄ ယောက်နဲ့ သေဆုံးသူ   ၁၅  ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက  ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024