
မန္တလေးတိုင်း၊ သာစည်မြို့နယ် တမာကုန်းရွာနေ အသက် ၇၀ ကျော် အဘွားအိုတစ်ဦး ဇူလိူင် ၃ ရက်နေ့က ကိုဗစ်-၁၉ ကြောင့် သေဆုံးပြီး ဝမ်းတွင်းမြို့က ဘဏ်ဝန်ထမ်းအမျိုးသားတစ်ဦးနဲ့ ၂ လအရွယ် သမီး ကူးစက်ခံခဲ့ရတယ်လို့ ပရဟိတအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
“သာစည်မှာ ဘိလပ်မြေစက်ရုံဝန်ထမ်းတွေနဲ့ တရားစခန်းတစ်ခုက ကူးစက်ဖြစ်ပွားတာက ၇၃ ဦးအထိရှိသွားပြီ။ ကူးစက်မှုနှုန်း သိပ်မြန်တယ်။ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာပေးကြပါ။”
မိတ္ထီလာဆေးရုံ သီးသန့်ဆောင်မှာ ကိုဗစ်လူနာ ၁၈ ဦး၊ မလှိူင်ဆေးရုံမှာ ၁၄ ဦးနဲ့ ဝမ်းတွင်းဆေးရုံမှာတော့ ၁၆ ဦးအနက် ၃ ဦး ပျောက်ကင်းသွားပြီဖြစ်ပြီး သာစည်ဆေးရုံမှာတော့ ကိုဗစ်လူနာ ၇၃ ဦး ရှိနေပါတယ်။
မိတ္ထီလာခရိုင် ၄ မြို့နယ်မှာ ဇွန်လ ၈ ရက်က ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့ပြီး တစ်လအတွင်း ကိုဗစ်ရောဂါဖြစ်ပွားသူ ၁၂၁ ဦးအထိ ဖြစ်လာပါတယ်။ ထိစပ်သူတွေကိုတော့ သက်ဆိုင်ရာမြို့နယ် အားကစားခန်းမတွေမှာ ထားရှိတယ်လို့ သိရပါတယ်။