
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက် ဇွန် ၂၈ ရက် မနက်က သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။
ပစ်သတ်ခံရသူ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ လူနှစ်ဦးက လာရောက်ခေါ်ဆောင် သွားပြီးတဲ့နောက် ဆေးတောင်လမ်းဝလယ်ကွင်းအနီးရှိ ကားလမ်းမ ဘေးနေရာမှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။
အခု နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဇွန်လအတွင်းရှိ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟံဂံ ကျေးရွာ ကျိုက်မင်းမလော့ ဘုရားတောင်ဘက်လမ်းတနေရာမှာ အမျိုးသားတစ်ယောက် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပုံ Crd