ဂန့်ဂေါမြို့ CDM ဝင်ထားသည့် ရဲတပ်သား ၂ ဦး ဖမ်းဆီးခံရ
DVB
·
June 27, 2021

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းက CDM ဝင်ထားတဲ့ ရဲတပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဇွန် ၂၆ ရက်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“သူတို့နှစ်ယောက်က မတ်လလောက်က CDM ပြုလုပ်ခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရှောင်တိမ်းနေတဲ့ သူတို့ကို ဂန့်ဂေါ–ကလေး ကားလမ်းပေါ်က ရေရှင်မရွာမှာ ညနေ ၄ နာရီ လောက်က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရဲတပ်သား နိုင်နိုင်တိုးဟာ မင်းရွာရဲစခန်းက ဖြစ်ပြီး ရဲတပ်သား ဇော်မိုးကတော့ ဂန့်ဂေါမြို့မရဲစခန်းက ဖြစ်ပါတယ်။