Home
မြန်မာသတင်း
ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့ ဗုံးပေါက်ပြီးနောက် ကျောင်းသားများကို အိမ်ပြန်လွှတ်
DVB
·
June 24, 2021
207086808_1130436754107333_5347408920815697424_n

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့မှာ ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။

ရုံးကြီးလမ်းက မြို့နယ်ပညာရေးမှူးရုံးရှေ့မှာ နေ့ခင်း ၂ နာရီ ၄၀ လောက်ကပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးနောက်က အထက ၁ က ကျောင်းသားတွေကို အိမ်ပြန်ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အသံတော့ကြားလိုက်ရတယ်၊ အဲ့အနားက အစ်ကိုပြောတာ ထိခိုက်တဲ့ သူတော့မရှိဘူးပြောတယ် ပညာရေးမှူးရုံးရှေ့မှာဖြစ်သွားတာ''လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာက မြို့နယ်ထွေအုပ်ရုံးနဲ့ နီးတာကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ချက်ချင်းရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့သလို ရုံးနောက်က အထက ၁ စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကိုလည်း ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ ဖျာပုံမြို့နယ် ပညာရေးမှူးရုံးရှေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ပေါက်ကွဲခဲ့တာဖြစ်ဖြစ်ပါတယ်။

ဖျာပုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းက စတင်ကာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ပြီး ဒီနေ့အထိ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်းရှိလာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024