စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့မှာ ဇွန်လ ၂၁ ရက်နေ့က ကိုဗစ်-၁၉ လူနာ ၃ ယောက် ထပ်မံစစ်ဆေးတွေ့ရှိပါတယ်။
“ဒီနေ့ ကလေးဝမြို့ ပြည်သူ့ဆေးရုံမှာ အနံ့မရလို့ လာရောက်ပြသတယ်။ ကလေးဝမြို့ အမှတ် (၁) ရပ်ကွက် ချောင်းဆုံကလူတွေ လာစစ်ဆေးတယ်။ သူတို့ RDT Test kits နဲ့ စစ်ဆေးတယ်။ အဲဒီထဲ ၇ ဦးစစ်ဆေးတဲ့ အထဲက ၃ ဦး ကိုဗစ်ပိုးတွေ့တယ်” လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရသူ ၃ ယောက်ကတော့ အမှတ် ၁ ရပ်ကွက်က ပြည်သူ ၂ ယောက်နဲ့ ချောင်းဆုံက ပြည်သူ ၁ ယောက်တို့ဖြစ်ကြပါတယ်။
ကလေးဝမြို့မှာ ဇွန်လ ၂၁ ရက်နေ့ အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ အယောက် ၃၀ ရှိပြီး ဆေးရုံကဆင်းသူ ၂ ဦး နဲ့ သေဆုံးသူ ၁ ဦးရှိပါတယ်။