မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကုန်းကျေးရွာက ဒေသခံရွာသား ၅ ယောက်ကို ဇွန်လ ၁၅ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းဇုန်က ကုန်းကျေးရွာမှာ လေသေနတ်လုပ်နေတယ်လို့ ဒလန်တွေက သတင်းပေးတာကြောင့် ညနေ ၄ နာရီလောက်မှာ စစ်ကား ၂ စီး၊ ရဲကား ၁စီး အင်အား ၄၀ လောက်နဲ့ ဒေသခံပြည်သူ ၅ ယောက်ကို ဖမ်းဆီးသွားတာလို့ ကုန်းကျေးရွာက ပြည်သူတစ်ဦးက ပြောပါတယ်။
ဖမ်ဆီးခံရတဲ့ ပြည်သူတွေကတော့ ဦးဆန်းဝင်း၊ ဦးသိန်းထိုက်၊ ကိုမင်းသူဟိန်း၊ ကိုဟိန်းဇော်၊ မောင်သီဟစိုးတို့ ၅ ယောက်ဖြစ်ပြီးတော့ ရွာမြောက်ဘက်က တောထဲမှာ ဖမ်းမိသွားတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်တောင်ပိုင်းဇုန်မှာ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး သပိတ်တိုက်ပွဲတွေကို ဒေသခံပြည်သူတွေက နေ့စဉ်ရက်ဆက် ဆင်နွှဲနေတာ ဖြစ်ပါတယ်။