Home
မြန်မာသတင်း
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ထပ်မံ သေဆုံး
DVB
·
June 14, 2021
194233000_1631276443869951_5879654188961635690_n
193667079_1631276613869934_4857050308126946223_n
193251170_1631276503869945_1204650485781387394_n

မွန်ပြည်နယ်၊ မော်လမြိုင်က ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦး ဇွန်လ ၁၄ ရက် မနက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာဟာ မော်လမြိုင်မြို့နေ အသက် ၆၁ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး၊ မော်လမြိုင်ဆေးရုံမှာ တက်ရောက်ကုသနေစဉ် သေဆုံးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက အသက် ၆၉ နှစ်အရွယ် ကိုဗစ် အတည်ပြုလူနာ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ ဇွန်လ ၁‌၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ  အယောက် ၂၀ ကျော်ရှိလာပြီး ၊ သူတို့ အားလုံးကို အရပ်ဘက်ဆေးရုံသို့ ပြန်ပြောင်းကုသပေးဖို့ စီစဉ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024