Home
မြန်မာသတင်း
ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်း
DVB
·
June 10, 2021
198289220_1121921911625484_4001116838582631361_n

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးအန္တရာယ်မှ ပြည်သူတွေကို ကာကွယ်ပေးဖို့   ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇွန် ၁၀ ရက်က ဖွဲ့စည်းလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီကို နည်းပေါင်းစုံနဲ့ဆန့်ကျင်ကာ မိမိတို့ရဲ့ ရပ်ရွာတွေကို ကာကွယ်ပေးနေကြတဲ့ ရဲဘော်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ခုခံ တိုက်ခိုက်နေသူတိုင်းဟာ ကန်ကြီးထောင့်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ကန်ကြီးထောင့် မြို့နယ်နဲ့ အနီးဝန်းကျင်မှာ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို  စစ်အကြမ်းဖက်တွေရဲ့ ဘေးအန္တရာယ်မှ ကာကွယ်ဖို့၊ CDM ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို  ပြောက်ကျားစနစ်နဲ့ ခုခံဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကို တခြားမြို့နယ်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်မှာ ဖြစ်သလို NUG  နဲ့ ချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ် အကြွင်းမဲ့ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024