ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဇွန်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးအထိ ပြန်လည်တွေ့ရှိလာခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတွေက ပြောပါတယ်။
ယခင် ကိုဗစ်အတည်ပြုလူနာ ၅၃ ယောက်စာရင်းရှိခဲ့တဲ့ ဝိုင်းမော်မြို့နယ်မှာ ဇွန်လဆန်းက တမူးမြို့မှ ပြန်လာသူ ၁ ဦး အပါအ၀င် ကိုဗစ်အတည်ပြုလူနာ ၆ ဦးအထိ ပြန်လည်တွေ့ရှိလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါလူနာတွေကို မြို့နယ်ပြည်သူ့ဆေးရုံမှာ သီးသန့်ထားကာ ကုသပေးနေတယ်လို့ သိရပါတယ်။
မြို့ခံတချို့ကတော့ အခုလို ကိုဗစ်အတည်ပြုလူနာ ပြန်လည်တွေ့ရှိတာကို မသိရှိဘဲ မဆင်မခြင် သွားလာနေကြသူတွေများတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အရင်က မြို့၀င်ဂိတ်တွေမှာ ကိုယ်အပူချိန်တိုင်းတာတွေ စစ်ဆေးတာတွေရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ မတွေ့ရှိတော့သလို ရက်ကွက်တွေမှာလည်း ကိုဗစ် အသိပညာပေး ကြော်ငြာတာတွေ မကြားမိတော့ဘူးလို့ မြို့ခံကတွေက ပြောပါတယ်။