
မော်လမြိုင်က အမှတ် ၁၁ အခြေခံပညာအထက်တန်းကျောင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ဆရာ၊ဆရာမတွေဟာ ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်တွေ လိုက်လံ ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကျောင်းအပ်နှံရေး လက်ကမ်းစာစောင်ကို လမ်းသွားလမ်းလာ ပြည်သူတွေကို လိုက်လံ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကျောင်းအပ်နှံရေးကာလကို မေ ၂၄ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာကျောင်းတွေကို ဇွန် ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ဆိုထားပါတယ်။
တဖက်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ မွန်ပြည်နယ်က CDM ဆရာ၊ ဆရာမ ၃၀၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားပါတယ်။