မြောင်မြို့ ရဲစခန်းတွင် ဗုံးပေါက်ကွဲ
DVB
·
May 13, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့မှာ မေ ၁၃ ရက်နေ့ နေ့လည်၁၂နာရီခွဲလောက်က ရဲစခန်း၂ခု ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မြောင်မြို့ရဲစခန်းနဲ့ နားဘက်ရဲစခန်းမှာ မိနစ်ပိုင်းခြားပြီး ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အခုပေါက်ကွဲတဲ့ မြောင်မြို့မရဲစခန်းနဲ့ နားဘက်ရဲစခန်းက ၁၀ မိနစ်ပဲ ခြားတယ်။ မြောင်မြို့မရဲစခန်းကိုတော့ ဆိုင်ကယ်နဲ့ ဗုံးပစ်သွားတယ်။ ရဲစခန်းထဲမှာ ပေါက်ကွဲသွားတယ်”
ဗုံးကွဲမှုမှာ လူတွေ ထိခိုက်တာမရှိဘဲ ရဲစခန်းကနေ သေနတ် ၃ ချက်ဖောက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။