Home
မြန်မာသတင်း
မြန်မာပြည်သူများနှင့်အတူဆက်လက်ရပ်တည်ကြောင်း ကုလသမဂ္ဂကြေညာ
DVB
·
May 11, 2021
185077745_1847150088793611_8929101988676067525_n

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေအဖွဲ့အစည်းတွေအနေနဲ့  မြန်မာပြည်သူတွေနဲ့ အတူ  ဆက်လက်ရပ်တည်နေတယ် ဒီကနေ့ မေလ ၁၁ ရက်   နွေဦးတော်လှန်ရေး ရက် ၁၀၀ ပြည့်တဲ့နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာပြည်သူတို့ရဲ့  ကြိုပမ်း ဆောင်ရွက်မှုများကို ကုလသမဂ္ဂအဖွဲ့ အနေနဲ့ မယိမ်းမယိုင်၊ မဆုတ်မနစ် အားပေးကူညီပံ့ပိုးနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လွန်ခဲ့သော ရက် ၁၀၀ က ထပ်လောင်းအတည်ပြုပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ  ဖေဖော်ဝါရီ ၁ ရက်နေ့က  နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် သိမ်းယူခဲ့တာ ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ ရက်ပေါင်း ၁၀၀ ရှိသွားပြီဖြစ်ပြီး ဒီအတောအတွင်း ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူအယောက်  ၈၀၀ နီးပါးသေဆုံးခဲ့ရပါတယ်။

ဒီကနေ့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်း မြို့တွေနယ်တွေအသီးသီးမှာ နွေဦးတော်လှန်ရေး ရက်ပေါင်း  ၁၀၀ ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို အရှိန်အဟုန်မပျက် ဆက်လက် ပြုလုပ်နေကြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024