Home
မြန်မာသတင်း
မုဒုံ လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီလိုက်လံရှာဖွေ
DVB
·
May 8, 2021

မွန်ပြည်နယ်၊ မုဒုံမြို့က NLD အနိုင်ရလွှတ်တော်ကိုယ်စားလှယ် မခင်ကျော့ဖြူနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီက မေ ၇ ရက်ညပိုင်းမှာ ဝင်ရောက်ရှာဖွေတာတွေ ဆက်တိုက်လုပ်နေပါတယ်။

မခင်ကျော့ဖြူနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဟာ နေရာပြောင်း နေထိုင်နေတဲ့အတွက် အဖမ်းမခံခဲ့ရပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မခင်ကျော့ဖြူရဲ့ မြို့မ ၃ ရပ်ကွက်၊ အောင်သီရိလမ်းနေအိမ်ကို မေ ၇ ရက်ည ၁၀ နာရီလောက်မှာ  စစ်ကောင်စီရဲ့ ရဲကား ၁ စီး၊ စစ်ကား ၂ စီးနဲ့  ဝင်ရောက်ရှာဖွေခဲ့တာပါ။

အလားတူ မြို့မ ၄၊ ကန်ကြီးရပ်ကွက်က တက်ကြွလှုပ်ရှားသူ ကိုမိုးထွေးရဲ့နေအိမ်ကိုလည်း စစ်ကောင်စီက အဲဒီနေ့ညပိုင်းမှာ နေအိမ်တံခါးတွေ ရိုက်ဖျက်ပြီး ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့ လူငယ်တွေကို ဖမ်းဆီးဖို့ ညတိုင်း လိုက်လံရှာဖွေနေတယ်လို့ သူတို့ရဲ့မိသားစုတွေက ပြောပါတယ်။

မုဒုံမြို့မှာ ညတိုင်းလိုလို စစ်ကောင်စီက သေနတ်ဖောက်တာ၊ အသံဗုံးခွဲတာတွေကြောင့် မြိုခံတွေဟာ စိုးရိမ် ထိတ်လန့်နေရတယ်လို့ ဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024