မြန်မာပြည်စစ်အာဏာသိမ်းမှုကို မန်ချက်စတာမြို့တွင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ (ရုပ်သံ)
DVB
·
May 2, 2021
မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အင်္ဂလန် အနောက်မြောက်ပိုင်းက မန်ချက်စတာမြို့လယ်မှာ မေလ ၁ ရက်နေ့က ယူကေရောက်တိုင်းရင်းသားတွေနဲ့ မြို့ခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ပူးပေါင်းပါဝင်ခဲ့ပြီး အပစ်မဲ့အရပ်သားတွေကို စစ်တပ်က သတ်ဖြတ်နေတာ ချက်ချင်းရပ်တန့်ဖို့၊ ကုလသမဂ္ဂကအရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာပြည်ကိုကယ်ဖို့ စာတန်းတွေ ကိုင်ဆောင်ပြီးလည်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။