မြန်မာစစ်တပ်က ရုရှားနိုင်ငံမှ ရေဒါကိရိယာ ဒေါ်လာ ၁၅ သန်းဖိုးခန့် ဝယ်ယူတင်သွင်း

မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံထုတ် ရေဒါစောင့်ကြည့်ရေးကိရိယာ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၇ သန်းဖိုးကို ဖေဖေါ်ဝါရီလအတွင်းက ဝယ်ယူခဲ့တယ်လို့ ရုရှားအကောက်ခွန်ဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မော်စကိုတိုင်းမ်စ် သတင်းစာက ရေးသားလိုက်ပါတယ်။ 

ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နေပြည်တော်ခရီးစဉ်တွင်းမှာ Pantsir-S1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ Orlan-10E စုံစမ်းထောက်လှမ်းရေး ဒရုန်းလေယာဉ်တွေ မြန်မာစစ်တပ်ကို ရောင်းချပေးဖို့ သဘောတူညီခဲ့တယ်လို့ အဲဒီသတင်းမှာ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတိုင်ခင် တပတ်အလိုကမှ အဲဒီလို ဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖေါ်ဝါရီလအတွင်းက မြန်မာနိုင်ငံကို ပေးပို့ခဲ့တဲ့ ရေဒါစောင့်ကြည့်ရေး ကိရိယာတွေဟာ အဲဒီဇန်နဝါရီလ သဘောတူညီချက်နဲ့ ပတ်သက်မှုရှိမရှိတော့ မသိရပါဘူး။ 

Stockholm International Peace Research Institute ရဲ့ ၂၀၁၉ခုနှစ်က လေ့လာတွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်း ဒေါ်လာ ၈၀၇ သန်းဖိုး ဝယ်ယူခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up