Home
မြန်မာသတင်း
သေနတ်ပစ်ခံရသည့် သတင်းထောက်ကို အကြမ်းဖက်စစ်အုပ်စုက အမှုထပ်ဖွင့်
DVB
·
April 20, 2021

သေနတ်နဲ့ အပစ်ခံရပြီး ခြေထောက် ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့တဲ့ The Voice of Thanbyuzayat သတင်းဌာနရဲ့ သတင်းထောက် ကိုထက်မြတ်သူကို အာဏာသိမ်း စစ်အုပ်စုက ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဆိုပါသတင်းဌာန တာဝန်သူက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ကျိုက်ထိုမြို့ရဲ့ စစ်အာဏာရှင် ဆန္ဒပြပွဲမှာ သတင်းဓာတ်ပုံရိုက်ကူး သတင်းယူနေတဲ့ သတင်းထောက် ကိုထက်မြတ်သူကို စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေက  သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့တာပါ။

ဒဏ်ရာရရှိခဲ့တဲ့ ကိုထက်မြတ်သူဟာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ဒဏ်ရာ အနည်းငယ် သက်သာလာတဲ့အတွက်ကြောင့် အာဏာသိမ်း စစ်အုပ်စုက သထုံမြို့မ ရဲစခန်းမှာ ချုပ်နှောင်ပြီး အမှုဖွင့် အရေးယူလိုက်တာပါ။

သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူနေတဲ့ သတင်းထောက် တစ်ဦးကို အခုလို အမှုဖွင့် အရေးယူတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ The Voice of Thanbyuzayat သတင်းဌာန အယ်ဒီတာချုပ် ကိုပိုင်ထူးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ တည်ဆဲ မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေ အခန်း (၃) ၊ ပုဒ်မ (၇) (ခ) အရ လုံခြုံရေး အဖွဲ့အစည်းဟာ စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်းနဲ့ အများပြည်သူ ဆန္ဒပြနေရာမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

သတင်းထောက် ကိုထက်မြတ်သူဟာ တပ်မတော်က အာဏာသိမ်းယူပြီးနောက် မွန်ပြည်နယ်မှာ ပထမဦးဆုံး အမှုဖွင့်ခံရတဲ့ သတင်းထောက် တစ်ဦးလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024