မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက် ၃ ဦးကို ဖမ်းဆီးစစ်ဆေး

မမျိုးမြတ်မြတ်ပန်၊ ခရစ္စတိုဖာ၊ A Jee (ဝဲမှယာ)

ကချင်ပြည်နယ်အတွင်းက သတင်းတွေကို ရေးသားဖော်ပြနေတဲ့ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၃ ယောက်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကြောရေးလုပ်နေတယ်လို့ သိရပါတယ်။

”သတင်းထောက် ၃ ယောက်လုံးကို ဧပြီလ ၁၈ ရက်နေ့အထိ စစ်ဆေးနေတုန်းပဲလို့သိရတယ်။ မိသားစုတွေနဲ့ တွေ့ခွင့်လည်းမရဘူး” လို့ မြစ်ကြီးနားသတင်းဂျာနယ်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် A Jee၊ ခရစ္စတိုဖာတို့ကို ဧပြီ ၁၃ ရက်နေ့ညက တပ်ကုန်းလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့ပြီး မမျိုးမြတ်မြတ်ပန်ကို  ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲက စီတာပူရပ်ကွက်ကနေအိမ်မှာ အရပ်ဝတ်ဝတ်ဆင်ထားသူတွေက အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး ဧပြီ ၁၈ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့ သတင်းထောက်စုစုပေါင်း ၁၂ ယောက်ရှိကာ ၆ ယောက်ကိုပြန်လွတ်ပေးခဲ့ပြီး ၃ ယောက်ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့ရာ အခု ၃ ယောက်ကိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up