DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးပြည် သူ ၇၁၀ ဦးအထိ ရှိလာ
DVB
·
April 13, 2021
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးပြည် သူ ၇၁၀ ဦးအထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ရက်ပေါင်း ၇၁ ရက်အကြာ ကျ ဆုံး ပြည်သူပေါင်း ၇၁၀ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၂ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၀၈၀ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ  အဲဒီထဲက ၆၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၆၉၇ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေဟာ နေ့စဉ်မပျက် အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်နေခဲ့ကြပြီး ဧပြီ ၁၁ ရက်ညပိုင်းက “Flashight Strike” လှုပ်ရှားမှုမှာလည်း နိုင်ငံအနှံ့အပြား မြို့ရွာ တွေ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

ဧပြီ ၁၂ ရက်နေ့မှာတော့ ပြည်တွင်းဖြစ်ကို အားပေးရေး လှုပ်ရှားမှုတခုအဖြစ် “ဖရဲသီးလှုပ်ရှားမှု”ကို မြို့တချို့မှာ ပြုလုပ်ခဲ့ကြပြီး ဒါဟာ ဖရဲစိုက်တောင်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတာလည်းဖြစ်ကာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို တိုက်ရိုက် ဝေဖန် ဖို့ ငြင်းဆိုမြဲဖြစ်တဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပြသတာလည်းဖြစ်တယ်လို့ အေ အေပီပီက ဆိုပါတယ်။

ဖြိုခွင်းမှုတွေအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှာ တပ်ပေါင်းစု သပိတ် စစ်ကြောင်းကို သေနတ်နဲ့ ပစ်ဖောက်ဖြိုခွင်းခံခဲ့ရပြီး ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာတော့ မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်မှာတော့ ပြည်သူတွေ ကာရံထားတဲ့ အရံအတားတွေကို ဖြိုခွင်းခဲ့ပြီး ပြည်သူ ၇ ယောက်ကို ကနဦး ဖမ်းဆီး သွားခဲ့ကာ ၄ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ အေအေပီပီက ဆိုပါ တယ်။

ဧပြီ ၁၂ ရက်မှာ ဖြိုခွင်းမှုတွေ လျော့နည်းလာတယ်လို့ ထင်ရသလိုရှိပေမယ့် တ ဖက်မှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ ပစ်ခတ်စီးနင်းမှုတွေ၊ ပစ်သတ်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ ဖမ်းဆီးမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာတော့ မနက်အစောပိုင်းကတည်းက စတင် ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေရဲနဲ့ စစ်သားတွေဟာ အင်အားအလုံးအရင်း သုံးပြီး နေရာအနှံ့ကို ဖြန့်ကြက်ကာ ပြည်သူတွေရဲ့ ခံတပ်တွေကို ဖြိုခွင်းတာ၊ မိုင်းတွေခွဲ တာ၊ တွေ့သမျှ အရပ်သားတွေကို ဖမ်းဆီးကြိုးချည်ထားတာ၊ သေနတ်တွေ ပစ်ဖောက်ပြီး အိမ်တွေထဲဝင်ကာ သံသယရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို ပြုလုပ်ခဲ့ကြ တယ်လို့ အေအေပီပီက ပြောပါတယ်။ တမူးမြို့ရှိ Grace ဆေးရုံထဲကိုလည်း အင်အားအ လုံးအရင်းနဲ့ ဝင်ရောက်ပြီး သူနာပြုတွေကို ရိုက်နှက်တာတွေ၊ ပစ္စည်းလုတာတွေအပြင် မက်သဒစ်ဘုရားကျောင်းဝန်းအတွင်းကို ဝင်ရောက်ကာ ဆရာတော်နဲ့  ကျောင်ဝင်းအ တွင်းရှိ ပြည်သူတွေဆီက ဖုန်း၊ ပိုက်ဆံနဲ့ ဝတ်ဆင်ထားတဲ့ ရွှေတွေကို လုယက်ယူငင်တာ တွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတယောက်ရဲ့ နေအိမ်ကို ဝင်ရောက်သောင်း ကျန်းကာ ပစ္စည်းတွေကို ဖျက်ဆီးသွားခဲ့ပြီး စီးနင်း၊ ဖြိုခွင်းခဲ့တာကြောင့် အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ယောက်ကို ကျည်အစစ် ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ပြည် သူတချို့ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

  အဲဒီလို လက်နက်အားကိုးပြီး မြို့တခုလုံးကို စီးနင်းထားကာ အငြှိုးကြီးစွာ တိုက် ခိုက်တာဟာ သူတို့ရဲ့ ပြင်းထန်တဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကို အလေးမထားဘဲ စုစည်းစွာ ပြန်လည် ခုခံကာကွယ်တဲ့ မြို့တွေကို အပြီးသတ် ချေမှုန်းချင်လို့ဖြစ်တယ်လို့ အေအေပီပီ က ပြောပါတယ်။

ဖမ်းဆီးမယ့်သူကို မတွေ့လို့ သူ့ရဲ့ မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေကို ဓားစာ ခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေကို အကြမ်းဖက်စစ်အုပ်စုက လုပ်ရိုးလုပ်စဉ် အနေနဲ့ လုပ်ဆောင်နေကြပြီး သူတို့ကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမဆို ပါဝင်ခဲ့ရင် အ ကျိုးဆက်အနေနဲ့ ခုလိုခေါ်ဆောင်ခံရမယ်လို့ သွယ်ဝိုက် ခြိမ်းခြောက်တာဖြစ်တယ်လို့ အေ အေပီပီက ဆိုပါတယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့၊ သမဝါယမဦးစီးဌာနမှ အမျိုးသား ၁ ယောက်ကို ဖမ်းမမိလို့ သူ့ရဲ့ မိဘနှစ်ပါး ကို ဓားစာခံအဖြစ်  ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလည်း ရှိနေပြီး မှတ်တမ်းပြုထားချက် တွေအရ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရသူ ၃၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ် တယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013